M.A.C.F (Myanmar)
-၀-၀-၀-၀-၀-၀-၀-၀-၀-၀-၀-၀-၀-၀-၀-
အသင်း၏ရှေ့ ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ပိုမို ထိရောက် စွာ ဆောင်ရွက်နိုင်ရန် ကျွန်တော်တို့ M.A.C.Family နှင့် အတူ ပူးပေါင်းလက်တွဲ ကူညီစောင့်ရှောက်လှူဒါန်းသွားမည်ဖြစ်သော ကန္တာရ၀ဿ (U.A.E Myanmar Family)မှ လူကြီးမင်းများအား ကျေးဇူးတင်ရှိစွာဖြင့်  ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း
Events
9 ကြိမ်မြောက်လှူဒါန်းမှုမှတ်တမ်း
11ရက်နေ့တနင်္ဂနွေနေ့ မနက် 8နာရီ စုရပ်ဖြစ်တဲ့ ..............
မြေနီကုန်း KING TEA SHOP မှာ ဘယ်သူတွေ ကြိုရောက်နေမလဲလို့ (10မိနစ်လောက်နောက်ကျလို့) ရှာကြည့်လိုက်တော့ ( အဟဲ ဘယ်သူမှ မတွေ့ဘူး...မျက်မှန်နဲဆိုတော့လေ..)  လရိပ်က 'အမ' ဆိုပြီး ခေါ်မှ တွေ့ပါတော့တယ်....။ (အဲလောက်အမြင်စူးရှတာလေကို   ကြုံတုန်း ကြွားတယ်လို့ မထင်ပါနဲ..။) ဘယ်သူတွေေ၇ာက်ပြီးလဲဆိုပြီး မေးလိုက်တော့ မန်ဘာသစ်တွေဖြစ်တဲ့ ကိုနေလတို့ အဖွဲ့လေးနဲ နောက်အသစ်တစ်ဖွဲ့...ကိုတွေ့ရပါတယ်..။ ကောက်ကြည်၊ အမန်း၊ ချမ်းငြိမ်း၊ သောကြာ နဲ အသစ်မောင်လေး တို့က စားပွဲတစ်ပွဲ ၊ ကိုနေလတို့က အခြားတစ်စားပွဲ မင်းခန့်အောင်အောင် (မွန်မြတ်မင်း၊ ဝေယံပိုင်၊ အေးချမ်း၊ ကျော်လင်းထွန်း၊ ရဲနိုင်မြင့်) တို့ သူငယ်ချင်းတွေက တစ်စားပွဲနဲ စုရပ်က အဲ့လိုတစုတစည်းထဲ ဖြစ်နေပါတယ်...။ (တခြားကြောင့်မဟုတ်ပါဘူး..ဆိုင်ရဲ့ စားပွဲအနေအထားကြောင့်ပါ)  ဒါပေမဲ့ ညီမလေး လရိပ်ကတော့ မောတယ်ရယ်လို့ သဘောမထားပါဘူး....registration ကို တစ်စားပွဲပြီး တစ်စားပွဲ လိုက်ဖြည့်ခိုင်းနေပါတယ်....။ 
        အော်.ကိုပင်းပေါင်...
ရောက်လာပါပြီ..။ ရောက်တာနဲ ကောက်ကြည်တို့ကို ခေါ်ပြီး ပစ္စည်းသယ်ဖို့ ပြန်ထွက်သွားပါတယ်..။ ခဏနေတော့ ကိုပင်းပေါင် တို့ ပြန်ရောက်လာပါတယ်..(ချွေတလုံးလုံးနဲပေါ့....) စမ်းမြသီတာမှာ လှူမဲ့ အလှူပစ္စည်းတွေနဲပါ။ ပစ္စည်းတွေကို (အန်တီ မအေးမြင့်ကြည်က အသွားအပြန် ကားကူညီပေးထားပါတယ်)  ကားပေါ်တင်ပြီး လိုအပ်တာများကို ကိုပင်းပေါင်က ကိုနေလတို့ အဖွဲ့နဲ အောင်အောင်တို့ အဖွဲ့ကို ပြောနေပါတယ်..။
သင်္ကြန်းစိမ်းတို့ကတော့ ကားအရှေ့မှာ အသင်း VINYL ကို တပ်ဆင်နေကြပါတယ်။
ကျွန်မနဲ လရိပ်ကတော့ ကလေးတွေအတွက် သကြားလုံးနဲ ကိုနေလတို့လှူတဲ့သင်္ဃန်းကို မဖွင့်သေးတဲ့ CITY MARK မှာ 3မိနစ် ရပ်စောင့်ပြီး ၀ယ်ခဲ့ရပါတယ်။ ထက်ထက်ကို လာမလားဆိုပြီး 9ခွဲထိစောင့်ပြီး မလာတာနဲ စုရပ်ကနေ 9နာရီခွဲမှာ စတင်ထွက်ခွာလာခဲ့ပါတယ်...။ (ကားပေါ်မှာတော့ လူအင်အား 25ယောက်ကျော်န့ဲပါ။) လှည်းတန်းမှာ ( IBTC)မအေးအေးဝင်းကို ၀င်ခေါ်ပါတယ်...ဆက်လက်ပြီ..ခရေပင်လမ်းခွဲမှာ...ညီညီဝင်းနဲ ကိုစိုင်းတို့ သူငယ်ချင်းလေးယောက်ကို ၀င်ခေါ်ပါတယ်။  ပထမ ရေစက်ချအလှူ နေရာဖြစ်တဲ့ စမ်းမြသီတာ ကျောင်းကို မရောက်ခင် ကားပေါ်မှာတင် ကိုပင်းပေါင်က ကျောင်းရောက်ရင် လုပ်ဆောင်ရမယ့် အစီအစဉ်လေးများကို ပြောကြားပါတယ်။ 
မြတ်လေးလမ်း၊ ဥာဏရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ စမ်းမြသီတာ သီလရှင်ဆရာလေး ပရဟိတ စာသင်ကျောင်းတွင်  ခြောက်ခန်းတွဲရေလောင်းအိမ်သာ ကုန်ကျစရိတ် ငွေစာရင်းရှင်းတမ်း ။ ။
စဉ်
အမျိုးအမည်
အရေအတွက်
နှုန်း (ကျပ်)
ကုန်ကျငွေ (ကျပ်)
1.
အုတ် (HAK)
5000 လုံး
56
280000
2.
သဲ
2 ကျင်း
13000
26000
3.
ကျောက်
1.5 ကျင်း
70000
35000
4.
ဘိလပ်မြေ (Lucky)
50
5600
280000
5.
၃မူး သံချောင်း
6 ချောင်း
595000(1 တန်)
26400
6.
တံခါး လက်ကိုင်
1 ဒါဇင်
3300
7.
၃.၅ လက်မ ပတ္တာ
18 ခု
300
5400
8.
၎ လက်မ မင်းတုံး
12 ခု
400
4800
9.
မျောက်လက်
6 ခု
300
1800
10.
၎ x ၃/၄ စကူ
10 ဒါဇင်
100
1000
11.
၇ပေ သွပ်
15 ချပ်
3220
48300
12.
သွပ်သံ
0.5 ပိဿာ
2000
1000
13.
အိမ်သာအိုး
6 ခု
8500
51000
14.
၆ပေ x ၂ပေ ၃လက်မ ကျည်းဘောင်
6 ခု
17600
105600
15.
၆ပေ x ၂ပေ ၃လက်မ တံခါးရွက်
6 ခု
35880
215280
16.
သစ်
-
-
61860
17.
ပိုက်
-
-
42950
18.
ကျည်းဘောင်ချုပ်
၅စည်း
1200
6000
19.
၅မူး၊၆လက်မ မူလီ
၁၀လုံး
300
3000
20.
၂လက်မ သံ
၂၀သား
200
400
21.
၂.၅လက်မ သံ
၂၀သား
200
400
22.
သဲ
၃စီး
6500
19500
23.
ရေဆေး
၅ဂါလံ
16500
24.
UPG ခံဆေး
၁ဘူး
2300
25.
ကော်ပတ်
၎ခု
200
800
26.
ရိုလာ
၁ခု
1100
27.
စုပ်တံ
၁ခု
250
28.
ဆေးသုတ်ခ
10000
29.
ပစ္စည်း သယ်ယူစရိတ်များ(ကားခ)
27000
30.
ပန်းရံဆရာ
260000
စုစုပေါင်းကုန်ကျငွေ
1536940
မြတ်လေးလမ်း၊ ဥာဏရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ စမ်းမြသီတာ သီလရှင်ဆရာလေး ပရဟိတ စာသင်ကျောင်းတွင်  ခြောက်ခန်းတွဲရေလောင်းအိမ်သာ ရေစက်ချ အလှူ နှင့် မနက်စာ လှူဒါန်းခြင်း အစီအစဉ်အကျဉ်း ။ ။
၁။ လှူဖွယ် ပစ္စည်းများနေရာချခြင်း ( Leader ------------  မယမင်း( Auditor ) )
၂။ မနက်စာအလှူအတွက် ပြင်ဆင်ခြင်း ( Leader ----------- မလရိပ်ငြိမ် ( Secretary ) )
၃။ ခြောက်ခန်းတွဲရေလောင်းအိမ်သာ ရေစက်ချလှူဒါန်းခြင်း အခန်းအနား
၎။ မနက်စာ တည့်ခင်းလှူဒါန်းခြင်း အခန်းအနား ( Leader ------- မလရိပ်ငြိမ် ( Secretary ) )
၅။ ခြောက်ခန်းတွဲအိမ်သာ နှင့် အိမ်သာ သုံးပစ္စည်းများ သန့်ရှင်းရေး
      ( Leader ------ Pingpoung ) )
၆။ အစီအစဉ်များ သတ်မှတ်ချိန်အမှီ ပြီးမြောက်အောင်မြင်ရန် ညွှန်ကြားမှုတာဝန်ခံ 
    ( Time-line Controller  --------  Pingpoung )
                                          အထက်ပါအစီအစဉ်အတိုင်း စမ်းမြသီတာရောက်တော့ ဆယ်နာရီခွဲလောက်  ရှိပါပြီး။ ရောက်ရောက်ခြင်းပဲ လုပ်စရာရှိတာတွေကို တွေ့ဝေတာမျိုး ၊ ကြောင်ပြီးရပ်နေတာအမျိုး မရှိပဲ အသစ်တွေကော မန်ဘာအဟောင်းတွေပါ အတူတကွလုပ်ဆောင်ကြပါတယ်။ 
ရေစက်ချဖို့နဲ အလှူပစ္စည်းတွေကို နေရာချတဲ့လူက ချ၊ ဆရာလေးတွေနဲ ကလေးတွေကို အလှူရှင် အန်တီအေးမြင့်ကြည် တိုက်မဲ့ ကွေကာအုပ်ဖျော်တဲ့သူကဖျော်၊ လှူခဲ့တဲ့ အိမ်သာကို သန်ရှင်းရေးလုပ်တဲ့ အဖွဲ့တွေက သန့်ရှင်းနဲ ဘယ်သူမှ မနားကြပါဘူး။ 
ထို့နောက်...ခြောက်ခန်းတွဲအိမ်သာနဲ လှူဒါန်းမှု အစုစုကို ရေစက်ချ တရားနာပြီး သတ္တ၀ါ အားလုံးတို့ ကို အမျှအတန်း ပေးဝေခဲ့ ကြပါတယ်။ 
ကျွန်မတို့ မိသားစုဝင်များ UAE Myanmar Family မှမိသားစုများ ၀မ်းမြောက်ဝမ်းသာစွာ တစုတစည်းထဲ သာဓု အတူတူ ခေါ်ဆိုနိုင် လျှင်ပို၍ ပီတိပွားဖွယ် ကောင်းမည်ဟု အောက်မေ့ သတိရမိပါသည်.။
                            ခြောက်ခန်းတွဲအိမ်သာအတွက် ရေစက်ချအပြီးမှာတော့ သီလရှင်လေးတွေကို ကွေကာအုပ်ရယ် အလှူရှင် မွေ့မွေ့ရဲ့ (နေမကောင်းလို့ ညီမလေး မွေ့မွေ့ကတော့ မလိုက်ပါနိုင်ခဲ့ပါဘူး) ကိတ်မုန့်၊သကြားလုံး တို့ကို တိုက်ကျွေးပါတယ်...။
ပြီးနောက် ကျောင်းရှိကလေးငယ်အားလုံးကို ဆက်လက်ကျွေးမွေးကြပါတယ်။
(အဲဒီအချိန်မှာ ကိုပင်းပေါင်၊ကိုကောက်ကြည်၊အမန်း၊ကိုသင်္ကြန်စိမ်း ၊ယောကျာင်္းလေးအသင်းဝင်အသစ်တစ်ချို့ နှင့် အဖွဲ့က သာသနာ့မာမက ကျောင်းမှာ ကျွေးမယ့် ကြာဆံကြော်တွေကို သွားပို့ထားပြီး ကြိုတင်ပြင်ဆင်ထားကြပါတယ်။)                  သာသနာ့မာမကကျောင်းတွင် ကျွေးမွေးလှူဒါန်းရန် ကြာဇံကြော်ပွဲများ နှင့် ပြုလုပ်မည့် လှူဒါန်းမှု အစီအစဉ်များကို ကြိုတင်ပြင်ဆင်ရန် ကိုကောက်ကြည်မှတာဝန်ယူ လုပ်ဆောင်ပြီး။ ကိုပင်းပေါင်ကတော့  စမ်းမြသီတာကိုပြန်ရောက်လာပါတယ် ။ 
               သူပြန်ရောက်လာတော့ ကျွေးမွေးခြင်း အစီအစဉ်က မပြီးသေးပါဘူး ....အကြောင်းရင်းကတော့ ကွေကာအုပ်တွေ ဖျော်ထားတာ အများကြီး ကျန်နေတဲ့ အတွက် အသင်းသားတွေပါ ၀င်ပြီး အားပေးနေတဲ့အတွက်ကြောင့်ပါ။ 
( အဟဲ...သာသနမာမက ကျောင်းမှာ ဆက်ပြီးလုပ်အားပေးဖို့ အတွက် အားဖြည့်တဲ့သဘောပါပဲ...) 
                ကိုပင်းပေါင်လည်း  ပြန်ရောက်တာနဲ့ မနားပါဘူး...စမ်းမြသီတာမှာ ကျန်ရစ်တဲ့ ယောကျာင်္းလေး အဖွဲ့နဲ့ ကျောင်းရှိအိမ်သာများကို သန့်ရှင်းရေးလုပ်ရင်းနဲ လိုအပ်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းများကို အစီအစဉ်တကျ လိုက်လံ ထားပေးပါတယ်..။ မိသားစုဝင်အားလုံးဟာ အိမ်သာ သန့်ရှင်းရေးမှာ မရွံမရှာ စိတ်ပါလက်ပါ နဲ့ ပယ်ပယ် နယ်နယ် အားပေးလုပ်ကိုင်ကြတာတွေ့ရပါတယ်.. အိမ်သာရှေ့ ရေကန်လေးနဲ့ အိမ်သာအတွင်းရှိ ရေခွက်များမှာပါ ရေဖြည့်ပေးသူကဖြည့်ပေးနဲ့ ခြောက်ခန်းတွဲအိမ်သာလေးရှေ့မှာ အညာပွဲဈေးလေးတစ်ခုလို စည်ကားသွားပါတယ်။ ။                   အဲဒီအချိန်မှာ စမ်းမြသီတာမှ သီလရှင်ဆရာလေးတစ်ပါး နေမကောင်းဖြစ်နေလို့ ကိုညီညီဝင်း ဦးဆောင်တဲ့ M.A.C.F Medical Teamက ဆေးဝါးပြုစုစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။ 
ပြီးနောက်မှာတော့..လှူဒါန်းခဲ့တဲ့ ခြောက်လုံးတွဲ အိမ်သာရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ 
                 အသင်းသားများအားလုံးမောတယ်ပန်းတယ်ရယ်လို့ သဘောမထားကြပါဘူး...စမ်းမြသီတာ ကျောင်းရှိ သီလရှင်လေးများနဲ ကလေးများကို နူတ်ဆက်ပြီး သာသနာ့မာမက ကျောင်းသို့ နေ့လည် ၁၁နာရီ ၄၅ မိနစ်ခန့်မှာ ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။                               အန်တီအေးမြင့်ကြည်တို့ အဖွဲ့ ကတော့ စမ်းမြသီတာကျောင်းက သီလရှင်ဆရာလေးတွေနဲ့ ထမင်းလက်ဆုံစားပြီးမှ လိုက် လာကြမှာဖြစ်တဲ့အတွက် ကျွန်မတို့ လူငယ်တွေပဲ သာသနာ့မာမက ဘုန်းကြီးကျောင်းကို အရင် ထွက်ခွာလာခဲံ့ပါတယ်..။စမ်းမြသီတာကျောင်းနဲ့ သာသနာ့မာမက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးဟာ ရပ်ကွက်တစ်ခုပဲခြားပါတယ်..။                                ကျောင်းကို မရောက်ခင် ကားပေါ်မှာတင် ကိုပင်းပေါင်က ကျောင်းရောက်ရင် လုပ်ဆောင်ရမယ့် အစီအစဉ်လေးများ နှင့် လမ်းအတွင်းပိုင်းကျ၍ လူနေခေါင်သောရပ်ကွက်ငယ်လေးတွင် တည်ရှိနေသော သာသနာ့မာမကကျောင်းလေးအား လှူဒါန်းဖြစ်ပုံအကျဉ်း၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်. ကျွန်မတို့ လှူဒါန်းခဲ့ တဲ့ ကျောင်းဆောင်သစ်လေးမှာ ကလေးတွေနဲ ဆရာမတွေ အေးအေးချမ်းချမ်းနဲ စာသင်နေတာကို တွေ့ရတော့ ကျွန်မတို့အဖွဲ့လေး အင်မတန်ကို
ပီတိ ဖြစ်ရသလို ပင်မအလှူရှင် အဖွဲ့ဖြစ်တဲ့ UAE ရောက် မြန်မာများ
အဖွဲ့ကိုလည်း အရမ်းကို မြင်စေချင်ပါတယ်....။
(စာသင်ကျောင်းဆောင်သစ်နဲ့ စာသင်ခုံတွေ ၏ စုစုပေါင်းတန်ဖိုးမှာ 15 သိန်း ခန့်ဖြစ်ပါသည်။)
( ဦးအေးဝင်းကိုနဲ UAE ရောက် မြန်မာများကို အရမ်းကို ကျေးဇူးတင်မိပါတယ်
....)
MACF မိသားစု ဆေးအဖွဲ့လေးက ကိုသင်္ကြန်စိမ်း နဲ ကိုစိုင်းတို့ ဦးဆောင်ပြီး
ကလေးများကို ကျန်းမားရေး အသိပညာပေး ဟောပြောပွဲလေး လုပ်ဆောင်ကြပါတယ်။
မိုးရာသီအတွက် ၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်းနဲ
့သွေးလွန်တုတ်ကွေးရောဂါအကြောင်း ၊ တကိုယ်ရည်သန့် ရှင်းရေးအတွက် လက်သန်
့ရှင်းရေး ပညာပေး ပါထည့် ပြောပါတယ်။
ဟောပြောပွဲလေးပြီးတာနဲ အသင့်ဆောင့်နေကြတဲ့ အသင်းရှိ မောင်လေး၊
ညီမလေးတွေကော မန်ဘာအသစ်တွေပါ ကလေးငယ်များကို ဆပ်ပြာနဲ လက်ကို စင်ကြယ်အောင်
ဆေးကြောနည်းကို ပြရင်းနဲ တခါတည်း လက်သန့်ရှင်းရေးကို
လုပ်ဆောင်ပေးနေကြပါတယ်။ လက်သန့်ရှင်းပြီဲးသွားတဲ့ ကလေးငယ်များကို
ကြာဆံကြော်များ တဆက်တည်း
ကျွေးမွေးရေး အစီအစဥကို လုပ်ဆောင်ကြပါတယ်။
(ကျောင်းရောက်တော့ 12 နာရီ ကျော်ပြီးပြီးဖြစ်တဲ့အတွက် ဘုန်းဘုန်းတွေက
ဆွမ်းဖုန်းပြီးသွားပါပြီ။)
ကြာဆံကြော်ထဲ ထည့်မယ့် ဘဲဥကြော်များကတော့
မန်ဘာအသစ်ဖြစ်တဲ့မောင်လေးတယောက်ကသတိပေးမှ
(ဥက္ကဌ ပြောနေတဲ့ ကြားကပဲမေ့ဖြစ်အောင်
မေ့သွားပါတယ်).ကျွန်မတို့သတိရပါတယ်...အမန်တယောက်ကတော့ဘဲဥကြော်တော့
မပါတော့ပါဘူးဆိုပြီး ၀မ်းနည်းနေပါတယ်....။
စမ်းမြသီတာကို ဖုန်းဆက်လိုက်တော့ နောက်က လိုက်လာတဲ့ အမ မအေးမြင့်ကြည်တို့
နဲ ထည်ပေးလိုက်တဲ့ ကြားမှ အမန်တို့ကော ကိုပင်းပေါင် ကော
ပျော်သွားကြပါတယ်...သက်သက်လွတ်မဟုတ်တော့ဘူးဆိုပြီးတော့ပေါ့.....။
အဲလို နဲ .ကြာဆံကြော်လေးက ဘဲဥအဖတ်ကလေးတွေနဲ စားချင်စဖွယ်
ဖြစ်သွားပါတယ်...လက်ဆေးပြီးသွားတဲ့ ကလေးငယ်များကိုကြာဆံကြော်နဲ
အအေးများ တိုက်ကြွေးကြပါတယ်...။
ကလေးတွေ အားရပါးရစားကြတာကို ကြည့်ပြီး ကျွန်မတို့ တွေ အတော်ကို
ပီတိဖြစ်ရပါတယ်။
အအေးများကို လက်မလည်အောင် ထည့်ပေးနေရပါတယ်...ကလေးတွေက
အအေးအတော်ကြိုက်ကြပါတယ်။
ကလေးတွေ စားပြီးတော့ ဆရာမတွေအတွက် စီစဉ်ပေးကြပါတယ်..။ ကလေးများ စားပြီးတဲ့
ပန်းကန်များကို မအေးအေးဝင်း၊ မချမ်းငြိမ်းနဲ လိုက်ပါလာတဲ့ မန်ဘာအသစ်လေးများ
တက်ညီလက်ညီ
ဆေးနေကြပါတယ်..။
(ဂျပန်ရောက်နေတယ်လို့ IBTC နဲ ချမ်းငြိမ်းတို့ကတော့ တွေးပြီးမာနတကြီးပဲ
ဆေးနေကြပါတယ်...အဟီး ..ပန်းကန်တွေကိုပါ..)
ပြီးနောက် မန်ဘာများ ကြာဆံကြော်စားကြပါတယ်..
အချိန်ကလည်း အတော်လေးကို လင့်နေပြီး ဖြစ်တဲ့အတွက် မန်ဘာအကုန်လုံးပဲ
ကြာဆံကြော်များကို ကလေးများနည်းတူ အားတက်တရောအားပေးကြပါတယ်...။
(အပေါ်က ပုံကို ကြညြ့်ပီး ကိုနေလကို တော်တော် စားနိုင်တယ်လိုထင်ပြီး
အထင်ကြီးသွားအောင် တင်ပေးလိုက်တာပါ....အဟဲ ကိုနေလရေ
လူအထင်ကြီးစေချင်လို့နော် ...စေတနာနဲပါ ..အဟဲ)
အကုန်လုံး စားသောက်ပြီးသွားတော့ ပန်းကန်ဆေးတဲ့သူက ဆေး ၊ သိမ်းစရာရှိတာ
အကုန်သိမ်းစည်းပြီးချိန်မှာတော့ ကျောင်းမှာ ဆောက်လုပ်ပေးမဲ့ အိမ်သာ အတွက်
မြေနေရာများနဲ ဆောက်မဲ့ ပုံစံများကို ပင်းပေါင်က အဖွဲ့ဝင်များကို
လိုက်လံရှင်းပြပါတယ်..။ ပြီးနောက် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပွဲ
အတွက် ရေစက်ချက် အခမ်းအနားကို ကျောင်းရှိ ဆရာမလေးများက အစီအစဉ် တကျနဲ
လုပ်ဆောင်ပေးကြပါတယ်။
ပထမဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီးနောက် သာသနာမာမကဆရာတော်ကြီးက
လှူဒါန်းခြင်းအကြောင်းတရားနဲ အကျိုးတရားကို ဟောကြားပြီး နောက်ရေစက်ချ
အခမ်းအနားကို ပြုလုပ်ပါတယ်..။
ဆက်လက်ပြီင်္း သာသနာမာမက ကျောင်းထိုင်ဆရာတော်မှ အလှူမှတ်တမ်း ဂုဏ်ပြုလွာကို
ပြန်လည် ပေးအပ်ပါတယ်.။
ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချအခမ်းအနား ပြီးပြီးချင်းပဲ
ဆရာမလေးများက ငှက်ပျော်သီး၊ ကိတ်မုန့်နဲ လက်ဖက်သုတ်များ
တည်းခင်းကျွေးမွေးပါတယ်..။
သိကြတဲ့အတိုင်းပါပဲ MACF မိသားစုဝင်အကုန်လုံး က အလွန်ကို အားနာတတ်တဲ့
သူများဖြစ်တဲ့အတွက် အားနာနာနဲပဲ ကျွေးမွေးတဲ့ မုန့်များကို အားရပါးရ
အားပေးခဲ့ကြပါတယ်..။
ပန့်တယောက်ကတော့ ဆရာမလေးတွေ ကျွေးတဲ့ ငှက်ပျော်သီးကို မကြိုက်လို့လား
မသိပါဘူး ..ပင်းပေါင်ဆီကိုသွာပြီး ငှက်ပျော်သီး
တောင်းစားနေပါတယ်..ပင်းပေါင်ကလည်း ကိုယ့်ညီလေး ပန့်က ပြောတာဖြစ်တဲ့အတွက်
အိမ်သာသစ်ဆောက်လုပ်မဲ့ နေရာမှာ ငှက်ပျော်ပင်ရှိကြောင်းပြောပြီး အပြင်ကို
နှစ်ယောက်သား ထွက်သွားပါတယ်..။
(ပန့် ပင်းပေါင်းကြွေးတဲ့ ငှက်ပျော်သီး စားရလား မစားရလားဆိုတာတော့ ပန့်
ကိုတွေ့မှ သိချင်တဲ့ သူများမေးကြည့်ကြပါနော်။)
ကျောင်းဆင်းချိန်ကျော်သွားပြီးဖြစ်တဲ့အတွက် ကျောင်းစာသင်ခန်းလေးထဲမှာပဲ
ယနေ့ အလှူနဲ ပတ်သတ်တဲ့ အကြောင်းအရာများကို ပြောဆိုဆွေးနွေးကြပါတယ်။
ကိုပင်းပေါင်က ဒီနေ့ အလှူနဲပတ်သတ်ပြီး ထင်မြင်ချက် ၊ အကြံပြုချက်များကို
ပြောဆိုဆွေးနွေးနိုင်ကြောင်းပြောကြားပြီးနောက် ကိုနေလမှာ အကြံပြုချက်များ
ပြောကြားခဲ့ပါတယ်..။
တခြားမန်ဘာ အသစ်များကလည်း ဒီနေ့အလှူလေးဟာ ပျော်ရွင်စရာကောင်းကြောင်းနှင့်
ဆက်လက်ပြီး ပါဝင်လုပ်ရှားသွားကြမည့် အကြောင်းများ ပြောကြားခဲ့ကြပါတယ်။
ပြီးနောက် မန်ဘာ မိတ်ဆက်ပွဲလေးကို ပျော်ရွင်စွာ ကျင်းပပြီးနောက်
မန်ဘာဝင်များအားလုံး မိုတို လုပ်ပြီး 11ရက် 7လ 2010 ရက်နေ့
ကိုးကြိမ်မြောက် အလှူကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်....။
အသင်းဝင်တွေအားလုံး တညီတညွတ် လက်ချင်းထပ်
ရှေ့ဆက်မည့် ခြေလမ်းများအတွက် ...........
Let's Care Actively!!!!..................
...........................................................
ကျေးဇူးတင်ရှိပါကြောင်း........
M.A.C.Familyရဲ့  လှူဒါန်းမှုတိုင်းမှာ ပါဝင်လှုပ်ရှားခဲ့သော၊
့ပါဝင်မလှုပ်ရှားဖြစ်သော အသင်းဝင်ညီအစ်ကိုမောင်နှမများအားလည်းကောင်း
M.A.C.Familyရဲ့  လှူဒါန်းမှုတိုင်းမှာ ပါဝင်လှူဒါန်းခဲ့ သော၊
ပါဝင်မလှူဒါန်းနိုင်ခဲ့ သော အလှူရှင်များအားလည်းကောင်း
M.A.C.Familyရဲ့  လှူဒါန်းမှုတိုင်းမှာ ကိုယ်၊စိတ်၊နှလုံး ၃ပါးလုံးဖြင်
့သော်လည်းကောင်း၊၁ ပါးပါးဖြင့်သော်လည်းကောင်း
ကူညီခဲ့ကြသူများအားလည်းကောင်း
စမ်းမြသီတာ ကျောင်းရေအိမ်အလှူဖြစ်မြောက်ရေး နှင့် သာသနာ့မာမက
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ်နှင့် စာသင်ခုံများအတွက်
အတွက် မတည်လှူဒါန်းခဲ့ သော
ကန္တာရ၀သ..(UAE Myanmar Family)အားလည်းကောင်း
M.A.C.Family၏အစ်မလိုတစ်မျိုး၊အမေလိုတစ်မျိုးအမြဲတစေ အကူအညီပေးသော အစ်မ
မအေးမြင့်ကြည်အား လည်းကောင်း
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီPostလေးမှ တဆင့်လေးစားစွာပြောကြားလိုက်ရပါသည်။
(မှတ်တမ်းတင် ဓါတ်ပုံ အပြည့်အစုံ အား
ထပ်မံဖော်ပြပေးမည့် ဖြစ်ပါသည်။)
ကျေးဇူးတင်ရှိကြောင်းပြောရန်နှင့် ရေးသားရန်အချက်အလက်များ
အကြောင်းအမျိုးမျိုးကြောင့် မေ့လျှော့ပြီး မပါဖြစ်ခဲ့သည့်ရှိသော် ကျွန်မ၏
မှားယွင်းမူ့သာဖြစ်ပါကြောင်းတောင်းပန်ပါသည်။
M.A.C.Family(ပရဟိတလူငယ်အဖွဲ့ )
11 ရက်နေ့ တနင်္ဂနွေနေ့ ရေစက်ချအလှူမှာလိုက်ပါလုပ်အားပေးခဲ့သော M.A.C.Family ၏ မန်ဘာများနှင့် မလိုက်ပါနိုင်သော်လည်းလှူဖွယ်ပစ္စည်းများပါဝင်လှူဒါန်းကြသော မန်ဘာအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
M.A.C.Family အမှုဆောင်အဖွဲ့ 
နောက်ဆုံးလှုပ်ရှားမှု
N@ymin is attending PUNK's event
ဇူလိုင် 28, 2010 at 6pm to သြဂုတ် 8, 2010 at 7pm
လေးစားရပါသော M.A.C.Family အဖွဲ့ ဝင်များရှင့် အဖွဲ့ ၏ လစဉ် ပထမ အပတ်အစည်းအဝေးကို * သြဂုတ်လ 1 ရက်နေ့ တနင်္ဂနွေနေ့ မှာကျင်းပမှာဖြစ်ပါတယ်။ * နေရာကတော့ ဆရာစံလမ်းမှ Mr.Guitar ဖြစ်ပါတယ်။ * အချိန်ကတော့ နေ့ လည် 2 နာရီမှ 4 နာရီထိဖြစ်ပါတယ်။ မုံရွှာ ရှိ ဗောဒ္ဓိတစ်…
မနေ့က
PUNK added an event
ဇူလိုင် 28, 2010 at 6pm to သြဂုတ် 8, 2010 at 7pm
လေးစားရပါသော M.A.C.Family အဖွဲ့ ဝင်များရှင့် အဖွဲ့ ၏ လစဉ် ပထမ အပတ်အစည်းအဝေးကို * သြဂုတ်လ 1 ရက်နေ့ တနင်္ဂနွေနေ့ မှာကျင်းပမှာဖြစ်ပါတယ်။ * နေရာကတော့ ဆရာစံလမ်းမှ Mr.Guitar ဖြစ်ပါတယ်။ * အချိန်ကတော့ နေ့ လည် 2 နာရီမှ 4 နာရီထိဖြစ်ပါတယ်။ မုံရွှာ ရှိ ဗောဒ္ဓိတစ်…
ဗုဒ္ဒဟူးနေ့က
ဘာလို့ လဲ မို့ ။ ဘာတွေခံစားနေရလဲ.......................။
ဗုဒ္ဒဟူးနေ့က
ဒါပေမယ့် ....လရိပ်ရယ် ...
ဗုဒ္ဒဟူးနေ့က
အင်္ဂါနေ့က
အင်္ဂါနေ့က
ဟီးးးးးးးးးးးးးးးး ကိုအသားတု တီနားပါတယ်...........။
တနင်္လာနေ့က
ရေကြပေါ ကွာ နယ်ရောက်နေလို မလိုက် လိုက် ဘူး ငါနော် ဟင်းးးး
တနင်္လာနေ့က
တက်ကြွစွာစောင့်ရှောက်ကြပါစို့။ Let's Care Actively!
Contact Us
Presidentကိုပင်းပေါင်(pingpoung@gmail.com) 09-541-2656 Secretary လရိပ်ငြိမ်(layeik.macf@gmail.com) တိုင်တန်(titanster.87@gmail.com) Banker မွေ့ မွေ့ (jerry.macf@gmail.com)
ယောက် ကြည့်နေတယ်။
နေ့ရက် / အချိန်
-၀-၀-၀-၀-၀-၀-၀-၀-၀-၀-
Lumbini Academy No.2(A) Thamadi(4) St., Thingungyun Tsp. Phone:527227,564452. Email Address: myattun@myanmar.com.mm
Silta Lumbini Preschool
စာခင်စေသောကျောင်း
ကျေနပ်ပြီး ပျော်ရွှင်စေမည့် ကျောင်း
80(B),ThanLwin St,
Shwetaung Gyar,Bahan Tsp.
Phone:527656.
ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)
Ph.D.(London)
ဒေါက်တာသန့် လွင်မောင်(ကိုတာ)
ဦးစီးသည်။
ငွေလဲလှယ်မှုနှုန်းထားပြ ဇယား
-0-0-0-0-0-0--0-0--0--0-0-0-
ဓာတ်ပုံများ
အလုပ်လုပ်နေပါသည်။
© 2010   Created by Hein Htet @ MCM.   Powered by .
Badges  |  Report an Issue  |  Terms of Service
ဆိုဒ်စတင် ပြုလုပ်စဉ် အကူအညီများစွာပံ့ပိုးပေးခဲ့သော ကိုရီးယားမေဂျာMUFL(Korean)(မန္တလေး-UFL)မှ ကိုသော်နိုင်စိုးအား အထူးကျေးဇူးတင်ရှိပါသည်..အသင်းဝင်ကြသောမင်ဘာအားလုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါ၏....